မည်သည့်ရလာဒ်မှ ရှာမတွေ့ပါ

ပုလင်းသွင်းရေသန့်
အက်ဆစ်ဓာတ်ရှိသော အယ်ကာလီဓာတ်ရှိသော
နုံချာသောကျန်းမာရေး ကောင်းမွန်သောကျန်းမာရေး

သို့သော်လည်း ၊ ရေအားလုံးကို တူညီစွာဖန်တီးထားတာမဟုတ်ပါဘူး

အသောက်များသောအချိုရည် များနှင့် ၎င်းတို့၏ pH အဆင့်များ

သင်သောက်သုံးတဲ့အရာရဲ့ သရုပ်မှန်ကိုမြင်စေမဲ့ သရုပ်ပြ ဗီဒီယိုကို ကြည့်ရှုလိုက်ပါ

ဗီဒီယိုကြည့်ရှုရန်

သင့်ရဲ့ အခမဲ့ကျန်းမာသောရေ eBook ကိုရယူပါ !

ebook အားသင့်ထံ email မှတဆင့်ပေးပို့ပြီးပါပြီ။ သင့်ရဲ့အချက်အလက်များကိုလုံခြုံစွာထိန်းသိမ်းထားပါတယ်။ကျွန်ုပ်တို့၏ ကိုဖတ်ရှုနိုင်ပါတယ် ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာပေါ််လစီ

အမှန်တရား ၁၃ ဘီလီယံ‌ဒေါ်လာတန်ပုလင်းသွင်းရေသန့်လုပ်ငန်းအကြောင်း

• ပုလင်းသွင်းရေဟာသဘာဝပတ်ဝန်းကျင်အတွက်ဆိုးကျိုးပေးပါတယ်

National Geographic ၏ပြောကြားချက်အရ1, "ပုလင်းသွင်းရေသန့်ဟာ သဘာဝပတ်ဝန်းကျင်ပြုန်းတီးမှုတခုပါ: အမေရိကန်လူထုဟာ တနှစ်ကို ရေသန့်ပုလင်းပေါင်း ၅၀ ဘီလီယံလောက်အသုံးပြုကြပြီး ဒီပလတ်စတစ်ပုလင်းအများစုကို ပြန်လည်ပြုပြင်အသုံးပြုခြင်းမရှိပါဘူး။ ပုလင်းများကိုသယ်ယူပို့ဆောင်ခြင်းနှင့် ၎င်းတို့ကို အအေးဓာတ်ပေးခြင်းတို့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တဲ့ ရုပ်ကြွင်းလောင်စာများကိုအသုံးပြုရပါတယ်။"

တစက္ကန့်တိုင်းမှာ ပလတ်စတစ်ပုလင်းပေါင်း ၁၅၀၀ ကျော်အသုံးပြုခြင်းခံရပါတယ်။ ကမ္ဘာကြီးကိုလေးကြိမ်ပတ်ဖို့လုံလောက်တဲ့ပလတ်စတစ်ပမာဏ ကို နှစ်စဉ်နှစ်တိုင်းစွန့်ပစ်ကြပါတယ်။ ပြီးတော့ ဒီပလတ်စတစ်တွေ ပျက်စီးဖို့ဆို နှစ်ပေါင်း ၁၀၀၀ ကျော်ကြာပါတယ်။2

• ၎င်းဟာ ဘုံဘိုင်ခေါင်းရေထက်ပိုမိုအန္တရာယ်ကင်းတယ်လို့သက်သေမရှိပါဘူး

အကျိုးအမြတ်မယူ၊မည်သည့်အဖွဲ့အစည်းကိုမျှကိုယ်စားပြုခြင်းမရှိသည့်သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူအဖွဲ့ (EWG) က ယခုလိုပြောပါတယ်၊ "အစိုးရဟာ‌သောက်ရေသန့်ဘူးတွေအနေနဲ့ဘုံဘိုင်ခေါင်းရေထက်ပိုပြီးအန္တရာယ်ကင်းရမယ်လို့ညွှန်ကြားထားတာမရှိပါဘူး။ တကယ်ကတော့ ဓာတုပစ္စည်းပါဝင်နေမှုဟာ အတူတူနီးပါးပါပဲ။" သမိုင်းအရပြောရမယ်ဆိုရင် သောက်ရေသန့်ဘူးတွေမှာ အစိုင်အခဲတွေ၊မှိုတွေ၊ဘက်တီးရီးယားပိုးတွေပါဝင်နေခဲ့ဘူးတာတောင်ရှိပါတယ်။4

• ၎င်းကပိုပြီးတော့လည်းအရသာမရှိပါဘူး

ABC ရဲ့ယခုဗီဒီယိုမှာ အရသာသီးသန့်စမ်းသပ်မှုအရ လူများစုဟာ ဘုံဘိုင်ခေါင်းရေ ကို ရေသန့်ဘူးရေထက်ပိုပြီးနှစ်ခြိုက်ကြပါတယ်။

http://abcnews.go.com/WNT/video/bottled-water-tap-water-difference-21202028
• ၎င်းဟာ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်တယ်

ရေသန့်ဘူးတွေရဲ့ပလတ်စတစ်တွေမှာ လူ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ BPA နဲ့ phthalates ဓာတုပစ္စည်းတွေမကြာခဏပါဝင်ပါတယ်။3

ပလတ်စတစ်ဘူးအမှိုက်ပုံ
  1. http://news.nationalgeographic.com/news/2010/03/100310/why-tap-water-is-better/
  2. https://www.nps.gov/zion/learn/nature/recycling-in-zion-national-park.htm
  3. http://www.scientificamerican.com/article/just-how-harmful-are-bisphenol-a-plastics/
  4. http://www.ewg.org/research/your-bottled-water-worth-it/bottle-vs-tap-double-standard
  5. http://abcnews.go.com/WNT/video/bottled-water-tap-water-difference-21202028

အန္တရာယ်များ ဘုံဘိုင်ရေ၏

အန္တရာယ်ကင်းပြီးအလွယ်တကူရရှိနိုင်တဲ့ရေဟာကျန်းမာရေးနှင့်သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်တွေအတွက်အခြေခံမရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်။သို့သော် တိုးတက်ပြီးနိုင်ငံများအပါအဝင် ကမ္ဘာတဝှမ်းရှိဘုံဘိုင်ရေများဟာ အဆင့်အတန်းပြည့်မှီခြင်းမရှိပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏အဆိုရ ကမ္ဘာတဝှမ်း‌သောက်သုံးရေနဲ့ပတ်သက်ပြီးအံ့အားသင့်စရာအချက်အလက်တွေကတော့:1
  1. ကမ္ဘာတဝှမ်းမှာ အနည်းဆုံးလူဦးရေ ၁.၈ ဘီယီလံဟာ လူ့အညစ်အကြေးနှင့်ညစ်ညမ်းနေတဲ့သောက်သုံးရေကိုအသုံးပြုရပါတယ်။

  2. ညစ်ညမ်းသောရေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါနှင့် ပိုလီယိုရောဂါများကဲ့သို့သော ရောဂါများကိုဖြစ်ပွားစေပါတယ်။ ညစ်ညမ်းသောရေဟာ နှစ်စဉ်နှစ်တိုင်း ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့်သေဆုံးမှုပေါင်း ၅၀၂၀၀၀ ဝန်းကျင်ဖြစ်ပွားစေပါတယ်။

  1. ၂၀၂၅ ခုနှစ်မတိုင်မီမှာ ကမ္ဘာ့လူ့ဦးရေ၏တစ်ဝက်ဟာ ရေရှားဒေသများမှာနေထိုင်ရမှာဖြစ်ပါတယ်။

  2. ဝင်ငွေအလယ်အလတ်နှင့်နည်းပါးသောတိုင်းပြည်များ၌ ကျန်းမာရေးဌာန ၃၈ ရာခိုင်နှုန်းတွင် ရေအရင်းအမြစ်လုံးဝမရှိခြင်း၊ ၁၉ ရာခိုင်နှုန်းတွင် တိုးတက်သောသန့်ရှင်းမှုမရှိခြင်း နှင့် ၃၅ ရာခိုင်နှုန်းတွင် လက်ဆေးရန် ရေနှင့်ဆပ်ပြာတို့မရှိခြင်းတို့နှင့်ရင်ဆိုင်နေရပါတယ်။

ကျွန်ုပ်တို့၏ Enagic® စက်ဟာ ကမ္ဘာ့ရေပြဿနာအားလုံးကိုဖြေရှင်းပေးမည်ဟု ကျွန်ုပ်တို့ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် သင့်အနေဖြင့် မိမိအသုံးပြုနေသော‌ရေအကြောင်းပိုမိုသိရှိရန် ဆန်းစစ်မှုပြုလုပ်သင့်ကြောင်း ကျွန်ုပ်တို့အကြံပြုလိုပါတယ်။ ယခုအခြေအနေမှာ သင့်ရေအရင်းအမြစ်ကို သန့်စင်ကာ ionize ပြုလုပ်ပြီး ကမ္ဘာ့ကျန်းမာရေးနှင့်အညီညွတ်ဆုံး‌ရေအဖြစ်ပြောင်းလဲနိုင်ပါတယ်! သင်ဟာကိုသောက်သုံးနေရလဲဆိုတာတွေးကြည့်ပါ!

New York Times သတင်းစာ: အမေရိကန်ရှိမသန့်ရှင်းသောဘုံဘိုင်ရေ

အမေရိကန်ကွန်ဂရက်မှ အန္တရာယ်ကင်းသောသောက်သုံးရေဥပဒေကိုပြဌာန်းပြီး ၃၅ နှစ်အကြာမှာ အချို့သောတာဝန်ရှိသူများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများဟာ ယခုဥပဒေအနေဖြင့် ပြည်သူများအား အသိသာဆုံးဘေးအန္တရာယ်များမှ ကာကွယ်ပေးရန်ပျက်ကွက်ခဲ့ကြောင်းတင်ပြကြပါတယ်။

အမေရိကန်နိုင်မှာ New York Times သတင်းစာမှ ရေထုညစ်ညမ်းမှုကိုကြီးကြပ်သော ဖက်ဒရယ်ဥပဒေဖြစ်သည့် အန္တရာယ်ကင်းသောသောက်သုံးရေဥပဒေအပေါ်ချိုးဖောက်မှုများကိုဖော်ထုတ်ခဲ့ပြီး အိမ်သုံးရေများဟာ ခဲ၊ နီကယ်သတ္တုနှင့် အခြားသတ္တုဓာတ်များပါဝင်နေကြောင်းပြသခဲ့ပါတယ်။ (ယခုညစ်ညမ်းမှုရဲ့အချို့သောပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများတွင် အရေပြားလောင်ကျွမ်းမှု၊ ဓာတ်မတည့်မှု နှင့် သွားကြွေလွှာပျက်စီးမှုများပါဝင်ပါတယ်)။2

New York Times ဟာ ထိုအချိန်မှစပြီး အန္တရာယ်ကင်းသောသောက်သုံးရေဥပဒေချိုးဖောက်မှုများကို စနစ်တကျမှတ်တမ်းတင်ထားရှိခဲ့ပြီး တိုင်းပြည်ရေပေးဝေရေးစနစ်ရဲ့ ၄၀ ရာခိုင်နှုန်းဟာ အနည်းဆုံး တစ်ကြိမ် စီ ချိုးဖောက်ခြင်းခံရကာ အန္တရာယ်ရှိနိုင်သည့် ဓာတုပစ္စည်းများ၊ အဆိပ်အတောက်များနှင့် သတ္တုရိုင်းများပါဝင်ကြောင်းတွေ့ရှိခဲ့ပါတယ်။3

  1. http://www.who.int/mediacentre/factsheets/fs391/en/
  2. http://www.nytimes.com/2009/09/13/us/13water.html?_r=2&pagewanted=all
  3. http://projects.nytimes.com/toxic-waters/polluters

Kangen ရေသန့် ® ဟာ antioxidant ကြွယ်ဝသောကျန်းမာရေးနှင့်ညီညွတ်သည့်သောက်သုံးရေ ပြန်လည်အားကောင်းသောဆဲလ်များအတွက် ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အစားထိုး ပုံမှန်ဘုံဘိုင်နှင့်ရေသန့်ဘူးရေများအတွက်

Kangen ‌ရေသန့်®(သို့မဟုတ် electrolyte လျှော့ချထားသည့်ရေ (ERW) သို့ ဟိုက်ဒရိုဂျင်ရေ) ဟာ ဘုံဘိုင်ခေါင်းရေကနေစပါတယ်။Enagic® စက်ဟာ ကလိုရင်းနှင့် အခြားအညစ်အကြေးများကိုစစ်ထုတ်ကာ လျှပ်စစ်ဖြင့်ဓာတ်ပြုခြင်း ဟုခေါ်သော ဖြစ်စဉ်ဖြင့် ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်များကိုဖယ်ထုတ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဟိုက်ဒရိုဂျင်ထံ electron တခုထည့်သွင်းကာ အက်တမ်နှစ်လုံးပါဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဟုခေါ်သော မော်လီကျူးအသစ်တခုဖန်တီးပါတယ်။ ၎င်းကိုသင့်ရဲ့သောက်သုံးရေထဲထည့်သွင်းလိုက်တဲ့အခါမှာ antioxidant ကြွယ်ဝသော Kangen ရေသန့်® ကိုရရှိပါတယ်

Oxidant ဟာအဓိပ္ပာယ်အားဖြင့် ‌အောက်ဆီဂျင်သတ္တုကြွြွသောကြားခံဖြစ်ပြီး antioxidant ကတော့ အခြားဓာတုပစ္စည်းများရဲ့ အောက်ဆီဂျင်သတ္တိကြွခြင်း ဖြစ်စဉ်ကို နှေးကွေး သို့မဟုတ် ကာကွယ်ပေးတဲ့ ဒြပ်ပစ္စည်းဖြစ်ပါတယ်။

ဘယ်လို Kangen ‌ရေသန့်® အသောက်များတဲ့အချိုရည်များနဲ့ယှဉ်ရင်?

ဤဗီဒီယိုများဟာ အသောက်များတဲ့အချိုရည်များရဲ့ pH ပမာဏကို pH တိုင်းတာရေးပစ္စည်းနဲ့တိုင်းတာမှုကိုပြသပါတယ်။ ရေအားလုံး (ဘုံဘိုင်ရေနှင့် ရေသန့်ဘူး)မှာ အက်ဆစ်ပမာဏမြင့်မားကြပါတယ်။ Kangen ရေသန့်® သာလျှင် အနုတ်ပမာဏ သို့မဟုတ် အယ်ကာလီပမာဏ ရှိတာ ဖြစ်ပါတယ်။

Oxidant လား ဒါမှမဟုတ် Anti-Oxidant လား?

အသောက်များသောရေသန့်များရဲ့ အောက်ဆီဂျင်သတ္တိကြွမှု အဆင့်များကို(ORP) Kangen ရေသန့်® နှင့်နှိုင်းယှဉ်လိုက်ပါ!

အသောက်များသောအချိုရည် များနှင့် ၎င်းတို့၏ pH အဆင့်များ

အ‌သောက်များသောအချိုရည်များရဲ့ pH (အက်ဆစ်/အယ်ကာလီ) အဆင့်များကို Kangen ‌ရေသန့်®နှင့်နှိုင်းယှဉ်လိုက်ပါ!

ပုလင်းအမျိုးအစားအမျိုးမျိုး

သင့်ရဲ့ အခမဲ့ကျန်းမာသောရေ eBook ကိုရယူပါ !

ebook အားသင့်ထံ email မှတဆင့်ပေးပို့ပြီးပါပြီ။ သင့်ရဲ့အချက်အလက်များကိုလုံခြုံစွာထိန်းသိမ်းထားပါတယ်။ကျွန်ုပ်တို့၏ ကိုဖတ်ရှုနိုင်ပါတယ် ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာပေါ််လစီ

Kangen ရေသန့်® ဟာသောက်သုံးရေထက်ပိုတဲ့အခြားအံ့အားသင့်စရာအသုံးပြုနိုင်ပုံတွေရှိပါတယ်!

Kangen ရေသန့်®စက်များဟာ အိမ်တွင်းသုံးဓာတုပစ္စည်းများကိုအစားထိုးနိုင်တဲ့ အံ့မခန်းစရာရေများကိုထုတ်လုပ်ပေးနိုင်ပါတယ်! အသုံးပြုနိုင်ပုံအများကြီးကို‌ နောက်စာမျက်နာမှာကြည့်ရှုလိုက်ပါ!

သုံးစွဲပုံများနှင့်အကျိုးကျေးဇူးများ »

မူပိုင်ခွင့် © 2026 EnagicWebSystem.com. မူပိုင်ခွင့်အားလုံးရရှိပြီး။ | Terms and Conditions